Social Gaget

Tuesday, October 9, 2012

*ရွှေနိုင်ငံဆိုတဲ့ နေရာမှာ---------*


ကားတွေ ဘယ်လောက်ပေါလာတယ် ပြောပြော

အလုပ်သမတွေက ချွေးသံ တရဲရဲနဲ့ 

စုတ်ပြတ်သတ်နေသော အဲကွန်း ဘတ်စ်ကားတွေပေါ်မှာ

အချို့ ပုရိသတွေရဲ့ လိင်စိတ်အတွက် ဓါးစားခံ ဖြစ်နေတုန်းဘဲ။



ဖုန်းဈေးနှုန်းတွေ ဘယ်လောက်ကျတယ်ပြောပြော

အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်

လူတစ်စု ကောင်းစားဖို့ ဂွင်ဖန်နေတုန်းဘဲ။


ဖုန်းတွေဘယ်လောက် ပေါလာတယ်ပြောပြော

ဖုန်းကိုင်နိုင်တဲ့ လူဦးရေက ခုနစ် ရာခိုင်နှုန်းထက် မပိုသေးဘူး။


ဖုန်းခေါ်ဆိုခကို ည11:00 ကနေ မနက် 7:00 နာရီအထိ

သမ္မကြီး ကျေးဇူးကြောင့် ဘယ်လောက် လျော့ပေးတယ်ပြောပြော

ဖုန်းခေါ်ဆိုခက သိတဲ့ အတိုင်းဖြစ်နေတုန်းဘဲ။




Private School တွေ ဘယ်လောက် ပေါများလာတယ် ပြောပြော

ပညာရေးအဆင့်က

နွားခြေရာ ခွက်ထက်တော့ ပိုမကြီးသေးဘူုး။



တိုက်စီတွေ ဘယ်လောက် ပေါများလာတယ်ပြောပြော

စီးရတဲ့ ဈေးနှုန်းကတော့ မကျလာသေးဘူး။



လမ်းတွေ တံတားတွေဘယ်လောက် ဆောက်တယ် ပြောပြော

ကားစီးရင်တော့ ကားပေါ်မှာ အငြိမ်ထိုင်မနေနိုင်သးဘူး။



ဘာတွေ ဘယ်လောက်ဈေးကျတယ်ပြောပြော

ကုန်ဈေးနှုန်းကတော့ မပြောင်းလဲသေးဘူး။



ဒီမိုကရေစီနဲ့ ဘာသာရေးတရားအကြောင်း

ဘယ်လောက် ကောင်းတယ်ပြောပြော

ဘုရားပေါ်က ဓါတ်လှေကား မောင်းသူတွေက

နိုင်ငံခြားသားတွေအတွက် သီးသန့် မောင်းပေးနေတုန်းဘဲ နဲ့

မြန်မာတွေ လာရင် စီးမှာစိုးလို့ အတင်းမောင်းပြေးနေတုန်းဘဲ။

@ရွှေတိဂုံ



လာဘ်စားမှု့တွေ ဘယ်လောက် ပပျောက်အောင် လုပ်တယ်ပြောပြော

လက်ဖက်ရည်ဖိုးနဲ့ ကွမ်းဖိုးလေးမှ မပေးရင်

သိပ်မချောင်လည်နိုင်သေးပါဘူး။



လစာတွေ ဘယ်လောက်တိုးပေးတယ်ပြောပြော

တစ်အိမ်လုံးမှ အလုပ်မလုပ်ရင် ခွက်ဆွဲရမယ့် အဆင့်ထက်

မပိုသေးပါဘူး။

ကျွန်တော်တို့ ရွှေနိုင်ငံမှာ....

ကျွန်တော်တို့ ရွှေနိုင်ငံမှာ.....

ကျွန်တော်တို့ ရွှေနိုင်ငံမှာ........




Credit By -

လွမ်းနေသူ®


---

--
လေပြင်းတွေ လာခြွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင် အ၀ါရည်ကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ မြာတွေကို 

နှုတ်ဆက်နမ်းခဲ့မယ်။

လွမ်းနေသူ®

Friday, October 5, 2012

ငါရဲ့ ကြယ်

အဆင်မပြေမှုတွေ များစွာနဲ့ဘဝရယ်ပါ

အိမ်မက်တစ်ခုနဲ့ အသက်မဆက်နိုင်တာလဲ ရှိကောင်းရှိမှာပေါ့

ဖြစ်ကောင်းဖြစ်နိုင်တာ တစ်ခုက 

ငါလိုချင်ခဲ့တာကအနမ်းတွေမဟုတ်ဘူး အာပေးနှစ်သိမ့်မှု

တကယ်ပါ စကားလေးတစ်ခွန်းဒီအချိန်မှာ ကြားခွင်ရမယ်ဆို

ငါသိပ်အားရှိမှာပါ ...



ဝေးကွာမှုတွေနဲ့ အသက်ဆက်ရဦးမှာပေါ့

ကံတရားတစ်ပတ်လည်ခဲ့ရင် ငါ့အတွက်တော့ပြန်ဖြစ်လာဦးမှာပါ

အခုဖြစ်ချင်မှဖြစ်မယ် မဖြစ်ခဲ့ရင် နောက်ဘဝပေါ့ ...

ငါလိုချင်ခဲ့တာက ကံကောင်းမှုတွေမဟုတ်ဘူး ယုံကြည်မှု

တကယ်ပါ အပြုံးလေးတစ်ခု ဒီအချိန်မှာ ရခွင့်ရှိမယ်ဆို

ငါသိပ်ကျေနပ်မိမှာပါ ...



တစ်ခါထိုးနှက်ခံရတိုင်း တစ်ခါယိုင်နဲ့သွားတတ်တဲ့ငါ

စုတ်ပြတ်သတ်နေတဲ့ စုတ်ချက်တွေနဲ့

အယိုင်ယိုင် အနဲ့နဲ့ ဘဝတစ်ခုမှာ အချစ်ဆိုတာ

လမိုက်ညထဲက ကြယ်လေးတစ်ပြောက်ပါ

ဘယ်အချိန်ပျောက်ကွယ်သွားမယ် မသိပေမယ့်

လင်းတဲ့အချိန်ထိတော့ ဆက်ချစ်နေမှာ ....

တကယ်တော့ မင်းဟာ ငါ့ရဲ့ကြယ်လေးတစ်ပွင့်ပါ ... ။

Monday, September 3, 2012

အကယ်၍ (IF)

အကယ်၍
မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ချောက်ချားပြီး
ဒါတွေဟာ မင်းကြောင့်လို့ 
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့ 
ရင်ဆိုင်နိုင်မယ်ဆိုရင်. . .။

အကယ်၍
အားလုံးကမင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ ကို နားလည် စွာ ခွင့်လွှတ်ရင်းနဲ့ 
မင်းကိုမင်း
ယုံကြည်မူ အပြည့်ရှိမယ်ဆိုရင်. . .။

အကယ်၍
စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး
အဲဒီ အတွက်လည်း
မမော မပန်းနေနိုင်မယ်ဆိုရင်. . .။

ဒါမှမဟုတ်
မင်းရဲ့ အကြောင်း မဟုတ်တရား
မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ 
မတုံ့ ပြန်ဘူးဆိုရင်. . . ။

ဒါမှမဟုတ်
မင်းကို လူတကာက
ဝိုင်းဝန်းမုန်းတီးတဲ့အခါ
မင်ဟာအမုန်းတွေ
ပြန်မပွားဘူးဆိုရင်. . . ။

ပြီးတော့
မင်းကိုယ်မင်း
လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း
မပြောဘူးဆိုရင်. . . ။

အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ်မလွမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင်. . . ။

အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်
သက်သက်သာမဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင်. . . ။

အကယ်၍
အောင်မြင်မှုသုခနဲ့ 
ဆုံးရှံးမှုဒုက္ခတွေကို ကြုံတွေ့ ရတဲ့အခါ
တူညီသော
လောကဓံတရားတွေပါလားရယ်လို့ 
ခံယူထားနိုင်မယ်ဆိုရင်. . . ။

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်လဲပြီး
မုသားအဖြစ်ထောင်ချောက်ဆင်
ညစ်တဲ့အခါ
မင်းဟာတည်ငြိမ်စွာနဲ့ 
နာကြားနိုင်မယ်ဆိုရင်. . . ။

ဒါမှမဟုတ် မင်းဘ၀တစ်ခုလုံးပေး ပြိး
အရိပ်တကြည့်ကြည့်
ဖြည့်ဆည်းခဲ့ရတဲ့
အရာရာကို
ဖျက်ဆီးခံလိုက်ပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်တဲ့
တန်ဆာပလာအရာရာနဲ့ 
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . ။

အကယ်၍
မင်နိုင်ခဲ့သမျှ တွေအားလုံးဟာ
ကြွေတစ်လှည့်ကြက်တစ်ခုန်ပမာ
တစ်လှည့် တစ်ခါတည်းနဲ့ 
ဆုံး ရှုံးသွားခဲ့ရင်. . .
ပြီးတော့
အစကနေ ပြန်စ နိုင်မယ်ဆိုရင်. .
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကြမ္မာရယ်လို့ 
ဘယ်သောအခါမှ
ညည်းညူမနေဘူးဆိုရင်. . .။

အကယ်၍
သူများတကာလုပ်ပြီးသွားကြလို့ 
အချိန်အတ်ာကြာမှ
မင်းအလည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ ပဲ
အားနဲ့ မာန်နဲ့ 
ဇွဲသတ္တိရှိရှိ
ဆက်ကြိုးစားနိုင်မယ်ဆိုရင်. . .
အဲဒီ လိုပဲ
မင်းမှာစိတ်အင်အားကလွဲလို့ 
ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ ပဲ
ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်. . . ။

အကယ်၍
လူတွေနဲ့ 
ထိတွေ့ ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့် သိက္ခာကို
စောင့်ထိန်းနိုင်မယ်ဆိုရင်. . . ။

ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူ
လမ်းလျှောက်နေရပေမယ့်
မာန်မာနသွေး မကြွဘူးဆိုရင် . . . ။

အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီးနာကြည်းအောင်
မလုပ်နိုင်စေရင်. . . ။

အကယ်၍
လူတိုင်းကို
တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ
ထားမနေဘူးဆိုရင်. . . ။

အကယ်၍
တိုတောင်းလှတဲ့
မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့
စက္ကန့် ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . ။

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ ၻာၾကီးကို ဆုပ္ကိုင္လို ့
အရာရာ ဘာမဆို
မင်းစွမ်းနိုင်ပြီးပေါ့. . . ။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်း
တစ်ယောက်ပဲပေါ့ . . .။

ကဗျာဆရာ Rudyard Kipling /
ဘာသာပြန် ဒေါ်အောင်ဆန်းစုကြည် ။

Wednesday, July 4, 2012

ငါ့ရဲ့ အခန်းငယ်

ဒုက္ခကို အုတ်မြစ်ချ
သောကကို တိုင်ထောင်
အမုန်းတရားနဲ့ ခေါင်မိုး
နာကြည်းမှု အကာအရံနဲ့
အထီးကျန် ပြတင်းပေါက်ကနေ
အဝေးကို လှမ်းကြည့်လိုက်တော့
ပျော်ရွှင်မှု အလင်းရောင်လေးတွေ
လေထဲမှာ ခုန်ပေါက်နေလေရဲ့
ငါ့ရဲ့မပြည့်စုံသေးတဲ့ အိမ်ကိုတော့
သံသယဆိုတဲ့ သံလေးတွေရိုက်ပြီး
လွမ်းဆွေးခြင်း အရာလေးတွေကို
ပူလောင်ပြီး ကျဉ်းကျပ်နေတဲ့
ငါ့အခန်းထဲမှာ
ချိတ်ဆွဲထားတာ ဘယ်သူသိမှာတဲ့လဲ .... ။

                         toe lay

ဆုတောင်း


အချစ်ဆိုတာ ကဗျာတစ်ပုဒ်ဆိုရင်
ကျွန်တော် ကဗျာဆရာ မဖြစ်ချင်ပါဘူး
အဲ့ကဗျာလေးထဲက စာသားလေးပဲဖြစ်ပါရစေ …

အချစ်ဆိုတာ သံစဉ်တစ်ခုဆိုရင်
ကျွန်တော် သီဆိုသူ မဖြစ်ချင်ပါဘူး
အဲ့သံစဉ်လေးထဲက ကာရံလေးတွေပဲဖြစ်ပါရစေ …

အချစ်ဆိုတာ ပန်းတစ်ပွင့်ဆိုရင်
ကျွန်တော် ဥယျာဉ်မှူး မဖြစ်ချင်ပါဘူး
အဲ့ပန်းလေးနားမှာ ပျံဝဲနေတဲ့
လိပ်ပြာလေးပဲ ဖြစ်ပါရစေ …

အချစ်သည်သာ သူဖြစ်ခဲ့မယ်ဆိုရင်
ကျွန်တော်ဘာမှ မဖြစ်ချင်ပါဘူး
သူတီးခတ်မယ့်အချိန်ကို စောင့်နေတဲ့
ဂစ်တာတစ်လက်သာ ဖြစ်ပါရစေ …
                                         

                         toe lay                                    

Sunday, July 1, 2012

တစ်ခွန်းစကား

ရနံကိုတော့ရတယ်
ဒါပေမယ့်….ငါ့ကိုမွှေးတာမဟုတ်ဘူး ။
ဒီတောအုပ်ဒီကျောက်သားက
ရင်အုံ့မောက်မောက်နဲ့ပြားနေလိုက်တာ ။
ဘာဖြစ်လဲ
ငါဟာ….သိန်းငှက်တစ်ကောင်
ကိုယ့်လေးညှို့ကိုယ်ဆွဲပြီးထွက်ခဲ့တယ်…။
                   
                  Credit by - ဆရာတာရာမင်းဝေ

Thursday, June 28, 2012

အဖေ ..

နိုင်ငံသူရဲကောင်းတစ်ယောက်မဟုတ်ပေမယ့်
ကျွန်တော့်ရဲ့ သူရဲကောင်းတစ်ယောက်
ဓားတစ်လက် မဟုတ်တောင်မှ
ဒိုင်းတစ်လက်တော့ ဖြစ်ခဲ့ပါတယ် အဖေ ..

လိုအပ်တိုင်း မဖြည့်ဆည်းပေးနိုင်ပေမယ့်
ရန်စွယ်တွေကြား မားမားရပ်ပေးခဲ့တာ
ကျွန်တော့် အဖေပါ ...

မိုက်တွင်းနက်တဲ့ သားမိုက်တစ်ယောက်
လမ်းစမပျောက်အောင် ဆုံးမ, မရလို့
အဖေ မျက်ရည်ကျခဲ့ဖူးတာ
ကျွန်တော်မှတ်မိပါတယ် အဖေ ...

အခု အဖေအသက်ကြီးလာလေပြီ
ဆံတွေဖြူလို့ အရေတွေတွန့်ကာ
အဖေ အိုလာပြီ

ကျွန်တော်လေ
ဘဝကို အဖော်မပါပဲ တစ်ယောက်တည်း
ရဲရဲကြီးလျှောက်ခဲ့တဲ့ အဖေ့ရဲ့သွေးမျိုးကို
လိုချင်တယ် အဖေ ...

မန္တလေးမြို့ကြီး မသေဆုံးပါစေနဲ့ဗျာ ...

 
 
 
 
 
 
 
သမိုင်းကြီးပါတယ်ဆိုတဲ့ ဒီမြို့
အခု . . ဟိုင်းကြီးကျွန်းပို့ရတော့မယ်။
နန်းဆန်ပါတယ်ဆိုတဲ့ ဒီမြို့
အခု . . ခရေတောင်မပွင့်တော့ဘူး။
အခု . . လမ်းဘေးရေအိုးစင်မရှိတော့ဘူး။
အရှေ့ကထွက်သော နေ၀န်းသည် ပူလောင်လွန်းသည်။
လာထား . . ဒီမြို့သား
အခုဘယ်မလဲ . . မြို့ပြင်တွင်။
သွားပြီ. . . နံနက်ခင်းတိုင်း
ခံတပ်အုတ်ရိုးနီအား အဖြူရောင်များဖြင့်
အပိုင်သိမ်းထား။
လက်ညှိုးထိုး ဒီမြို့ထဲ
မေးကြည့် ဘယ်သူဟာ ဗမာလဲ
ဒီမြို့ကို . . . ၀စ်သောက်ဆိုင်ကယ်တွေနဲ့
လက်နက်ချခံလိုက်ရပြီ။
(မန်းလေးမြို့ ကြီး မသေဆုံးပါစေနဲ့ဗျာ)

Saturday, June 2, 2012

သိပ်ချစ်ခဲ့လို့ပါ ..



















တစ်ခါတုန်းက ကျွန်တော်…..
တောင်ပံမပါတဲ့ စိတ်ကူးတွေနဲ့
ခရမ်းပြာတိမ်တိုက်တွေပေါ် လမ်းလျှောက်ခဲ့ဖူးတယ်
ကာရန်မညီတဲ့ အိမ်မက်တွေနဲ့
ကြယ်သေတွေ ညတိုင်းအချိုးချရေတွက်ခဲ့ဖူးတယ်
ခပ်ရေးရေးမျှော်လင့်ချက်တွေ
တပွေ့တပိုက်နဲ့လဲ ခပ်ကွေးကွေးအိပ်စက်ခဲ့ဖူးတယ်
နောက်ပြီး အနည်းငယ်စကားသံဝဲတတ်တဲ့
မတုန်မလှုပ် ကောင်မလေးတစ်ယောက်
ရင်ဘတ်ပေါ်မှာ ကဗျာဆန်ဆန်တောက်ပခဲ့ဖူးတယ်
တကယ်ဆို….ချစ်သူရာ…
အသုံးမကျတဲ့ငါ့ကို မင်းခွင့်လွှတ်ခဲ့တာ
အဆုံးမလှမယ့်ဘ၀ကို မင်းကယ်တင်ခဲ့တာ
တကမ္ဘာလုံး သြချရလောက်အောင် မင်းသိပ်ချစ်ခဲ့တာ
ငါနဲ့အတူလျှောက်လမ်းဖို့ အနာဂတ်တွေ
ဖန်တီးလို့ မင်းသည်းခံစောင့်ဆိုင်းခဲ့တာ
နှစ်ယောက်အတူရည်းစူးလို့လဲ ဘ၀ထူထူတွေကို
ထိပ်ပေါ်ရောက်အောင် မနည်းဆွဲတင်ခဲ့တာလေ
တစ်ခါတစ်လေ ငါသိပ်ချစ်လို့ လူအလစ်မှာ
နှုတ်ခမ်းပါးလေး ခိုးနမ်းလိုက်ရင်တောင်
မျက်စောင်းလေးထိုးပြီး ပြုံးနေလိုက်တာ
မဆန်းပြားပေမယ့် အခမ်းနားဆုံးလေးတော့
ဖြစ်ပျက်ခဲ့ဖူးတာ ဒါနဲ့များ…ချစ်သူရာ
နင်ထွက်သွားခဲ့တာ ခြေသံတိုးတိုးလေးတောင်
ငါမကြားမိလိုက်တာ ငါတကယ်ညံ့ဖျင်းလို့ပါ
ညနေချိန်တိမ်တောက်လို့ နေမင်းကြီးအိမ်ပြန်သွားရင်
နင်များ ပြန်လာမလား မျှော်နေမိတာ ငါမိုက်မဲလို့ပါ
ခေါက်ရိုးကျိုးနေ့ရက်တွေထဲ….
ပျောက်နိုးနိုးမင်းအကြောင်းတွေ……
အဆုံးသတ်သွားမှာစိုးလို့ ထပ်တလဲတွေးနေမိတာ
ငါ….မင်းကိုလေ……………သိပ်ချစ်ခဲ့မိလို့ပါ…………။

Written By - အောင်ငဲ

ငါ့မှာ.............



















ချစ်သူ……….
ငါ့မှာ မိုးရွာရင်ငိုတတ်တဲ့ ခေါင်မိုးနဲ့
အိမ်သေးသေးလေး တစ်လုံးရှိတယ်
မင်းအတွက်တော့ နွေးထွေးချင်မှနွေးထွေးမယ်။
ငါ့မှာ စီးနင်းစရာ
မှိန်ကုပ်ကုပ် ကြယ်တစ်စင်းရှိတယ်
မင်းအတွက် စိတ်ပျက်စရာကောင်းလိမ့်မယ်။
ငါ့မှာ သုညအကြီးကြီး
ထည့်ထားတဲ့ ကျောပိုးအိတ်တစ်လုံးရှိတယ်
မင်းမြင်မယ် ဗလာနတ္ထိပဲ။

Friday, March 23, 2012

ရင်ခုန်ဘက်သို့  တမ်းချင်း......


ရင်ခုန်သံတွေ စည်းချက်မညီတာ...
ကျွန်မအပြစ်မှ မဟုတ်တာဘဲ..
လက်ခုပ်ဆို နှစ်ဖက်တီးမှ မြည်းတာပါနော်။

မာနတွေ အရောင်ခြည်နေသရ်ျ
 ဝေးကွာခြင်းတွေလည်း နီစပ်ဦးမှာဘဲ....

written by - နဒီခင်

Friday, March 9, 2012

သို့ ... ချစ်သူ ....










ဒေါသထွက်လွယ်တာကို ထိန်းပါ။

တည်နေတဲ့မျက်နှာလေးကို ပြုံးပါ။

ခေတ်ဆန်တာကိုနည်းနည်းပြင်ပါ။

ရှည်နေတဲ့ လက်သည်းကိုညှပ်ပါ။

တိုနေတဲ့ဆံပင်ကို အရှည်ပြန်ထားပါ။

အချစ်စစ်ကိုတန်ဖိုးထားပါ။

အချစ်ခံရတာကိုဂုဏ်ယူပါ။

အချစ်ကိုစောင့်ရှောက်ပါ။

Monday, February 27, 2012

ချစ်တယ် ..

မင်းကို ငါချစ်တယ်
မင်းရဲ့နှလုံးသားက ငါရဲ့အသက်
မင်းရဲ့အချစ်က ငါ့ရဲ့လိပ်ပြာ
ဖြစ်နိုင်မယ်ဆိုရင်ဗျာ
သူ့ပါးပေါ်က မှည့်လေးလိုပဲ
သူ့အနားမှာ အမြဲနေချင်လိုက်တာ …



မင်းကို ငါချစ်တယ်
မင်းအနားမှာ ဝဲနေတဲ့လိပ်ပြာတွေ
မင်းအနားမှာ ပွင့်နေတဲ့ ပန်လေးတွေ
ဖြစ်နိုင်မယ်ဆိုရင်ဗျာ
ကျွန်တော်လဲ ငှက်တစ်ကောင်
ဖြစ်လိုက်ချင်ပါရဲ့ …

မင်းပျော်စေဖို့ပါ ..

အချစ်ဟာပေးဆပ်ခြင်းတဲ့
ပျော်စရာတွေ ငါပေးခဲ့ဖူးပါတယ်



အချစ်ဟာရယူခြင်းတဲ့
ဒဏ်ရာတွေ ငါရခဲ့ဖူးပါတယ်



ငါမလွမ်းတော့ဘူး
နင်မပျော်နိုင်လို့ ထားခဲ့တာပဲ



ငါဆွေးတော့ပါဘူး
နင်မကြင်နိုင်တော့လို့ ပစ်ခဲ့တာပဲ



မင်းခဏတာပျော်ရွှင်ဖို့
ငါ့တစ်ဘဝစာ အချစ်တွေကို
ငါစတေးခဲ့ရတာပဲ


ငါကျေနပ်ပါတယ် .. သွားပါ
ပြန်မလှည့်ကြည့်ပါနဲ့ …

တကယ်တော့ မင်းအတွက်
ငါဟာ ..
တစ်ခါသုံး Tissue လေးတစ်ရွက်ပါပဲ ….



Written by – Toe Lay <toetoeaung>

ရှိချင်သူ

တစ်လွှာ…နှစ်ရွက်….
ဆယ်သက်မခွဲ….
ဆွယ်တော်ရွက်ပဲ……
ဖြစ်ချင်တယ်…….။
ဝေးလို့နေလည်း….
နင့်အနားပဲ….
ခစားဖို့ရာ…..
ရှိချင်တယ်……။
အဆုံးမှာခံစား……
ငါ့အသည်းကွဲလည်း……
မျှော်လင့်ချက်တော့….
ရှိချင်တယ်……..။
Written by – slory

စိုးရိမ်သူ

ချစ်သူ့မျက်နှာ….
တွေ့နေပါလည်း…..
ဖွင့်ပြောဖို့ရာ…..
ခက်နေပြီ……။
အကြည့်ချင်းဆုံ……
ရင်ခုန်မိလည်း…….
ဆုံတွေ့ဖို့ရာ……
ခက်နေပြီ……။
ဖွင့်ပြောဖို့ရာ……
အခွင့်သာလည်း…..
သူစိတ်ဆိုးမှာ…..
စိုးရိမ်သည်…….။

Written by – စေတန်

Tuesday, February 7, 2012

တို့နှစ်ယောက်တစ်သားတည်း ..

ကဲ…..ချစ်သူ..
အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ
တို့နှစ်ယောက်ဘ၀တွေကို
အပြုံးတွေနဲ့ စီခြယ်ကြမယ်
အမုန်းဆိုတဲ့ ထိုအရာကို
အဆုံးဆိုတဲ့ဟိုးအဝေးတစ်နေရာဆီသို့
ထာဝရ ကန်ထုတ်ပစ်လိုက်မယ်
နံဘေးနား မင်းရှိပေမယ့်
ထပ်ဝေးမလား စိုးရိမ်နေတယ်
မင်းလက်ကလေးကို
တင်းတင်းဆုပ်ကိုင်ထားချင်တယ်
နာကျင်မှုမရှိ စာနာမှုအတိပြီးတဲ့
ငါ့ရဲ့အချစ်ကောင်းကင်ကြီး လွှမ်းခြုံထားတယ်
အချိန်မရွေး မင်းရာသီဥတုသာယာစေရမယ်
မင်းက နားလည်ခွင့်လွှတ်တယ်
ငါက သံသယမရှိ ယုံကြည်မယ်
တို့နှစ်ယောက်ကတော့တစ်သားတည်းပဲ…………..။