Social Gaget

Monday, February 27, 2012

ချစ်တယ် ..

မင်းကို ငါချစ်တယ်
မင်းရဲ့နှလုံးသားက ငါရဲ့အသက်
မင်းရဲ့အချစ်က ငါ့ရဲ့လိပ်ပြာ
ဖြစ်နိုင်မယ်ဆိုရင်ဗျာ
သူ့ပါးပေါ်က မှည့်လေးလိုပဲ
သူ့အနားမှာ အမြဲနေချင်လိုက်တာ …



မင်းကို ငါချစ်တယ်
မင်းအနားမှာ ဝဲနေတဲ့လိပ်ပြာတွေ
မင်းအနားမှာ ပွင့်နေတဲ့ ပန်လေးတွေ
ဖြစ်နိုင်မယ်ဆိုရင်ဗျာ
ကျွန်တော်လဲ ငှက်တစ်ကောင်
ဖြစ်လိုက်ချင်ပါရဲ့ …




မင်းကို ငါချစ်တယ်
ငါ့နှလုံးသားကို ထိုးဖောက်ကြည့်
အချစ်တွေ အမြစ်တွယ်နေတာကိုတွေ့ရလိမ့်မယ်
ဖြစ်နိုင်မယ်ဆိုရင်ဗျာ
ကျွန်တော်သူ့ကို တွေ့ချင်လိုက်တာဗျာ ..


တကယ်ဆိုရင်ဗျာ …
ကျွန်တော် တကယ်ချစ်ခဲ့ပါတယ်
ကျွန်တော် တကယ်မြတ်နိုးခဲ့ပါတယ်
ကျွန်တော် တကယ်တွယ်တာခဲ့ပါတယ်
ဒါနဲ့များ
ကံကြမ္မာရယ် မျက်နှာသာမပေး
အချစ်ရေးမှာ ကျွန်တော်ဆွေးရအောင်
ဘာအတွက်ကြောင့်
အကြောင်းဖန်လာလေသလဲဗျာ …..


Written by – Toe Lay <toetoeaung>

No comments:

Post a Comment