Social Gaget

Saturday, June 2, 2012

ငါ့မှာ.............



















ချစ်သူ……….
ငါ့မှာ မိုးရွာရင်ငိုတတ်တဲ့ ခေါင်မိုးနဲ့
အိမ်သေးသေးလေး တစ်လုံးရှိတယ်
မင်းအတွက်တော့ နွေးထွေးချင်မှနွေးထွေးမယ်။
ငါ့မှာ စီးနင်းစရာ
မှိန်ကုပ်ကုပ် ကြယ်တစ်စင်းရှိတယ်
မင်းအတွက် စိတ်ပျက်စရာကောင်းလိမ့်မယ်။
ငါ့မှာ သုညအကြီးကြီး
ထည့်ထားတဲ့ ကျောပိုးအိတ်တစ်လုံးရှိတယ်
မင်းမြင်မယ် ဗလာနတ္ထိပဲ။



ငါ့မှာ မျှော်လင့်ချက်အိမ်မက်တွေ
စိုက်ပျိုးထားတဲ့ လယ်ကွင်းပြင်ကြီးရှိတယ်
မင်းပြုံးတဲ့အရပ် ရာသီဥတုသာယာမယ်။
ငါ့မှာ မင်းအတွက် ငါ့ရဲ့
မပြောင်းလဲတဲ့ မေတ္တာတွေ
မဟောင်းနွမ်းမယ့် သစ္စာတွေ
အဆုံးမဲ့တဲ့ချစ်ခြင်းတရားတွေတော့
အလျှံအပယ်ရက်ရက်ရောရောရှိတယ်။

ကဲ……. ဘယ်လိုသဘောရသလဲ
ချစ်သူ နင်သာ ငါ့ကမ္ဘာငယ်ထဲမှာ
အပြုံးမပျက် မမုန်းရက်
စိတ်တူကိုယ်တူ မညည်းမညူ
ထပ်အတူတူ နေထိုင်မယ်ဆိုရင်သာ
အကြောင်းကလေးတစ်ချက်သာကြားလိုက်
နင်ရှိတဲ့အရပ် ငါကိုယ်တိုင်လာရောက်ခေါ်ယူမယ်…………။

Written By - အောင်ငဲ

No comments:

Post a Comment